Law Database | Mail | English Version

December 2011

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိနေသော ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် ဒေါက်တာမီခေးလ် ဗွီ မီယာစညီကိုဗစ်ခ်ျ သည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသိရီဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး မစ္စစ် ဟီလာရီကလင်တန်၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်းဘဲလ်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာလက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာမိုက်ကယ်ပိုစနာ၊ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး မစ္စတာ ဒဲရစ်မစ်ချယ်နှင့်အဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော် လွှတ်တော်အဆောက်အအုံရှိ ဇမ္ဗူသီရိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။