Law Database | Mail | English Version

January 2012

မြန်မာ-ပြင်သစ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ရေး နိုင်ငံတော်၏ နိုင်ငံရေးပကတိ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းများ လွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ပြင်သစ် နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ဝန်ကြီး H.E. Mr. Alain Juppe ဦးဆောင်သည့်အဖွဲ့တို့ ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ အစည်းအဝေးဆောင် ဧည့်ခန်းမ၌ တွေ့ဆုံစဉ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

မြန်မာ - ဂျပန် နှစ်နိုင်ငံအစဉ်အလာခိုင်မြဲခဲ့သည့် ချစ်ကြည်ရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်၊ နှစ်နိုင်ငံလွှတ်တော် နှစ်ရပ်အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး စီးပွားရေးရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Shinzon ABE ဦးဆောင်သည့် အဖွဲ့တို့ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ဇမ္ဗူသီရိအစည်းအဝေး ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံစဉ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းသည် ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး မစ္စတာ ဝီလီယံဂျက်ဖာဆန်ဟေ့ဂ် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။