Law Database | Mail | English Version

March 2012

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းသည် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားနှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး Mr. Derek Mitchell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ဂျွန်ဘားဒ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိအဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးမစ္စတာ မာရေးမက်လ်ခူလီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိအဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဂျီနီဗာမြို့အခြေစိုက် Inter-Parliamentary Union (IPU) ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင် ကော်မတီအဖွဲ့ဝင် Mr. Angel Alonso DIAZ- CANEJA ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။