Law Database | Mail | English Version

February 2013

နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

အားလုံးမင်္ဂလာပါ။ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဆားဘီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Ivan Mrkic ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦး၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် - ဖေဖော်ဝါရီ ၂၀           ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကနေဒါ ပါလီမန်အတွင်းဝန် H.E. Mr. Deepak Obhrai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

နေပြည်တော် - ဖေဖော်ဝါရီ ၁၉၊  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အထက် လွှတ်တော် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီဥက္ကဋ္ဌ H.E. Mr. Viktor A.OZEROV ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမဆောင်၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် - ဖေဖော်ဝါရီ ၁၃           မြန်မာ-အိန္ဒိယ လွှတ်တော်နှစ်ရပ်အကြား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ည‌နေ(၅)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အိန္ဒိယနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Honourable Smt. Meira Kumar တို့ တက်ရောက်ကြသည်။

နေပြည်တော် - ဖေဖော်ဝါရီ ၁၃           ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး ဒေါ်ခင်လေးသက်တို့သည် အိန္ဒိယ သမ္မတနိုင်ငံ အောက်လွှတ်တော်(Lok Sabha)ဥက္ကဋ္ဌ Honourable Smt. Meira Kumar ဦးဆောင်သော အိန္ဒိယလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်း (၆)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ထမင်းစားခန်းမဆောင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

သူရဦးအောင်ကို၊ ကန်ပက်လက်မဲဆန္ဒနယ်က ယခင်တရားရုံးချုပ်(ရန်ကုန်) High Court နှင့် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့်ဘဏ်လမ်းအကြားမှာရှိ စုပေါင်းတရားရုံးအဆောက်အဦတို့အား လွှဲပြောင်းပေးထားသည့်ကိစ္စကို ပယ်ဖျက်၍ ရှေးဟောင်းအမွေအနှစ်ပစ္စည်းအဖြစ် ထိန်းသိမ်းဆောင်ရွက်ပါရန် နိုင်ငံတော် အစိုးရအား   တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်း

ဦးထွန်းထွန်းဦး(ဒုတိယရှေ့နေချုပ်၊ပြည်ထောင်စုရှေ့နေချုပ်ရုံး)။    ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအားလုံးကို ကျွန်တော် ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးမှ လေးစားစွာဖြင့် ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ မွန်ပြည်နယ်၊ သံဖြူဇရပ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်တင်သွင်းတဲ့ နိုင်ငံသားများရဲ့ မူလအခွင့် အရေးစံချိန်စံညွှန်းပြည့်မီရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရေးအဆိုဟာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ ၂၃-၁၁-၂၀၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ စမ်းချောင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး

ဦးသိန်းအောင်၊သံဖြူဇရပ်မဲဆန္ဒနယ်ကနိုင်ငံသားများ၏ မူလအခွင့်အရေးစံချိန်စံညွှန်း ပြည့်မီရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရေးအဆို တင်သွင်းခြင်း

Pages