Law Database | Mail | English Version

March 2013

(၂၉-၃-၂၀၁၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (ACE)၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Evan Greenberg ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက် (၁၀း၀၀)နာရီတွင် နေပြည်တော်ရှိပြည်သူ့လွှတ်တော် ကော်မတီဆောင် အမှတ် (၁)၊ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

နေပြည်တော် (၂၅-၃-၂၀၁၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် ထိုင်းနိုင်ငံ အောက်လွှတ်တော်မှ ဒုတိယအတွင်းဝန်ဖြစ်သူ Mr. Charae Panpruang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နေ့လည် (၁၄း ၃၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင် (I- 1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

နေပြည်တော် - မတ်လ ၂၂

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် Google ဥက္ကဋ္ဌ Dr. Eric Schmidt အား ယနေ့နေလည် ၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဒေါက်တာအောင်မိုးညို၊ ပွင့်ဖြူ မဲဆန္ဒနယ်က ‘‘ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် UN Convention Against Torture and Other Cruel, Inhuman or Degrading Treatment or Punishment ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ၊ ဂုဏ်ငယ်စေသော အပြုအမူ နှင့် အရေးယူ အပြစ်ပေးခြင်းကို ဆန့်ကျင်သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည် ဆိုင်ရာ သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးရန် တိုက်တွန်းကြောင်း ’’ အဆို တင်သွင်းခြင်း နှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ဆောင်ရွက်ရာတွင်-

 

ရန်ကုန်- မတ် ၁၆

“ဥပဒေနှင့်မညီညွတ်သည့် မင်းမဲ့စရိုက်များ၊ အုပ်စုဖွဲ့အနိုင်ကျင့်သည့် ဒီမိုကရေစီ အနိုင်ကျင့်မှုများ ဒီမိုကရေစီအလွဲသုံးမှုများကို လစ်လျူရှုလျှင် တိုင်းပြည်နစ်နာမည် ဖြစ်ကြောင်း” ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်း ဒေသကြီး၊ ဒလမြို့နယ်၊ သီရိဇေယျာ အနော်ရထာ ခန်းမ၌ ကျင်းပသည့် မြို့မိမြို့ဖများနှင့် ဒေသ ခံပြည်သူများ အား တွေ့ဆုံပွဲအခမ်းအနားတွင် ထည့်သွင်း‌ပြော ကြားသည်။

နေပြည်တော်၊ မတ်လ ၁၅

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား  ယနေ့နေ့လည် ၁ နာရီ ၅၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ မတ်လ ၁၅

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ဘယ်လ်ဂျီယံနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး၊ ပြည်ပ ကုန်သွယ်ရေးနှင့် ဥရောပရေး ရာဝန်ကြီး မစ္စတာ ဒီဒီယာ ရန်ဒါးစ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံသည်။

နေပြည်တော်၊ နိုဝင်ဘာ ၁၅

     ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်နိုင်ငံမှ Special Representative and Policy Coordinator ဖြစ်သူ Mr. Patrick Murphy ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးသိန်းဇော်(မြစ်ကြီးနားမဲဆန္ဒနယ်) က သူရဦးအေးမြင့်(ဝက်လက်မဲဆန္ဒနယ်)၏ “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အဆို” ကို ထောက်ခံဆွေးနွေး၍ ဥက္ကဋ္ဌမှ ဖြည့်စွက်ပြောကြားပြီး အတည်ပြုရာတွင်-  

နေပြည်တော် - မတ် ၁၄           ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Wang Yingfan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

Pages