Law Database | Mail | English Version

July 2013

နေပြည်တော်၊ ဇူလိုင် ၃၀

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက် ၁၁ နာရီတွင် ဗြိတိန်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ The Right Honorable Mr. John Bercow ဦးဆောင်သည့် အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

လွှတ်တော်၏ စောင့်ကြည့်လေ့လာခြင်းလုပ်ငန်း

(Parliamentary Function of Oversight)

Main Source: Click Here

လွှတ်တော်၏ စောင့်ကြည့်လေ့လာခြင်း လုပ်ငန်းသည် ဒီမိုကရေစီ၏ အဓိကဒေါက်တိုင်ကြီး တခုဖြစ်ပါသည်။ စောင့်ကြည့်လေ့ လာခြင်းသည် အုပ်ချုပ်ရေး ကဏ္ဍက ၎င်းတို့၏ လုပ်ငန်းများကို တာဝန်ခံရန်နှင့် လွှတ်တော်မှ ပြဌာန်းလိုက်သော ဥပဒေများ၊ ဘတ်ဂျက်များနှင့်အညီ မူဝါဒများကို ထိရောက်စွာ အကောင်အထည် ဖေါ်ရန် အသုံပြုသည့် နည်းလမ်းတခုဖြစ်သည်။ အုပ်ချုပ်ရေးကဏ္ဍကို လွှတ်တော်က တက်ကြွစွာစောင့်ကြည့် လေ့လာခြင်းသည် ကောင်းမွန်သော အုပ်ချုပ်မှု၏အညွန်းဘောင်တခုဖြစ်ပါသည်။ လွှတ်တော်သည် ဥပဒေပြု လုပ်ငန်းများအပြင် စောင့်ကြည့်လေ့လာခြင်းကိုဆောင်ရွက်ခြင်းဖြင့် အာဏာချိန်ခွင်ညှာကို ထိန်းညှိုရာရောက်ပြီး မိမိတို့ပြည်သူလူထု၏ အကျိုးစီးပွားကိုကာကွယ်သူများ၏ အခန်းကဏ္ဍအား ပိုမို ခိုင်မာစေပါသည်။

နေပြည်တော်၊ ဇူလိုင် ၂၉

ပြည်သူ့လွှတ်တာ်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက်(၁၁)နာရီတွင် လွှတ်တော် သို့ လာရောက်လေ့လာ သည့် မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်ဝါဝါထွန်း ဦးဆောင်သောလေ့လာရေး အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

နေပြည်တော်၊ ဇူလိုင် ၂၅

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

နေပြည်တော်၊ ဇူလိုင် ၂၄

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E Mr. Nguyen Sinh Hung ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ဇူလိုင် ၂၃

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Fan Changlong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ဇူလိုင် ၂၃

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဥပရောမသမဂ္ဂ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးရာဌာန အကြီးအကဲ မစ္စကက်သရင်းအက်ရှ်တန်၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ရောဘတ်ကူးပါး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦး၊ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ဇူလိုင် ၁၂

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာကျော်မြင့်‌ နှင့် အဖွဲ့သည် UNAIDS မှ ဒုတိယ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Jan Beagle နှင့် Ms.Marie Claire Thoumyre တို့အား ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက လွှတ်တော်သို့ တင်သွင်းထားရှိသော “တောင်သူလယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးလိုပါက လူကိုယ်တိုင် လာရောက် အကြံပြု ဆွေးနွေးနိုင်ပါကြောင်း ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ မှ ကြေညာချက် ထုတ်ပြန်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဋ္ဌာနက လွှတ်တော်သို့ တင်သွင်း ထားရှိသော “ဆက်သွယ်ရေး ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးလိုပါက လူကိုယ်တိုင် လာရောက် အကြံပြု ဆွေးနွေး နိုင်ပါကြောင်း ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီ မှ ကြေညာချက် ထုတ်ပြန်

Pages