Law Database | Mail | English Version

January 2014

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ ၂၈ ရက်၊ ညနေ ၃ နာ ရီ ၃၀ မိနစ်တွင် ဗြိတိန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Rt. Hon. Hugo George William Swire Mpအား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ ၂၈၊ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကုလသမဂ္ဂ၊ အာရှ-ပစိဖိတ် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး Dr. Noeleen Heyzer အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

သူရဦးရွှေမန်း

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ ၂၇ နေ့လည် ၁၂ နာရီတွင် ကမ္ဘာ့ဘဏ် Dr. Jim Yong Kim နှင့် အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံ သည်။

သူရဦးရွှေမန်း

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်း တွင် ရွှေဘိုမြို့ ရန်ကြီးအောင်အားကစားခန်းမ၌ ရွှေဘိုခရိုင်မြို့နယ်များမှ စီမံခန့်ခွဲရေးကော်မတီများ၊ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီများ၊ နိုင်ငံရေးပါတီများ၊ မြို့မိ မြို့ဖများနှင့်‌ ဒေသခံပြည်သူများ အား တွေ့ဆုံ ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ(၂၅)ရက် ညနေပိုင်းတွင် မုံရွာမြို့သို့ရောက်ရှိခဲ့ပြီး မုံရွာခရိုင်၊ မြို့တော်ခန်းမ၌ မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ အား တွေ့ဆုံ အမှာစကားပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့်‌ ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်‌၊ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်‌အတူ ဇန်နဝါရီလ(၂၅)ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့သို့ နံနက်(၉)နာရီခွဲတွင် ရောက်ရှိခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်နှင့်‌ တာဝန်ရှိသူများက ကြိုဆိုကြသည်။

သူရဦးရွှေမန်း

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ (၂၄) ရက် မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်၌ ရန်ကုန်စီးပွားရေး တက္ကသိုလ် အသုံးချဘောဂဗေဒဌာန ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာသင်တန်းမှ ကြီးကြပ်သူဆရာ/မများနှင့် သင်တန်း သား/သူများအား တွေ့ဆုံ၍ လွှတ်တော်ရေးရာ ဆောင်ရွက်ချက်များနှင့် နိုင်ငံတော်၏ လက်ရှိ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

သူရဦးရွှေမန်း

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ ၂၃ နေ့လည် ၂ နာရီတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂိဂုလ် Mr. Vijay Nambiar အား နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် အစည်းအဝေး ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

သူရဦးရွှေမန်း

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ ၂၃ ရက် နံနက် ၈ နာရီ ၃၀ တွင် ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland KOBIA အား နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော် အစည်းအဝေး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် အတူ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၄ ဇန်နဝါရီ ၂၃

သတင်းစာရှင်းလင်းပွဲ

“ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း(၁၀၀၀)သုံးစွဲခြင်းသည် ပြည်သူများ၏အမှန်တယ်လိုအပ်ချက်ကို ဆောင် ရွက်ပေးခြင်း သာဖြစ်” ဟုပြောကြား

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ(၁)နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိခန်းမဆောင်၌ ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာသမား များအား တွေ့ဆုံ၍ မီဒီယာသမားများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

Pages