Law Database | Mail | English Version

May 2015

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့ နံနက်(၀၉း၀၀)နာရီချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်း အဝေးခန်းမ၌ ပြည်ထောင်စုလွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင် များနှင့် တွေ့ဆုံ သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကိုယ်စား၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ချက်သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr. Jaroslav Dolecek ဦးဆောင်သော အဖွဲ့အား၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့ (၀၈း၀၀) နာရီ အချိန်တွင်နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ အဆောင်အမှတ် (I-1)၌ လက်ခံ တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြ ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော် နှင့်‌ ဦးမောင်မောင်ဆွေ၊ ပြည်သူ့လွှတ်တော်နှင့်‌ အမျိုးသားလွှတ်တော် တို့မှ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်‌ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်‌အတူ ၂၀၁၅ ခုနှစ်၊ မေလ ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်း ခရီးစဉ်ဖြင့်‌ ထွက်ခွာခဲ့ရာ ရှမ်းပြည်နယ် လားရှိုးမြို့သို့ နံနက်(၈)နာရီ မိနစ်(၄၀)တွင် ရောက်ရှိကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန်အသစ် ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် မေလ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် အား ၂၀၁၅ ခုနှစ် မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဥရောပသမဂ္ဂသံအမတ်ကြီး H.E.Mr. Roland Kobia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးကိုကိုနိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၅ ခုနှစ် မေလ ၂၁ ရက်

ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Kim Sok Chol အား ၂၀၁၅ ခုနှစ် မေလ ၂၁ ရက်နေ့ ညနေ ၅ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် အတူ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တွေ့ဆုံစဉ် ကိုရီးယား-မြန်မာ  ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံ သံအမတ်ကြီး H.E.Mr. Klas Molin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ အဆောင်အမှတ် (I-1) တွင် အသီးသီးလက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ လွှတ်တော်ရေးရာ ဆက်ဆံရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်သောင်းသည် ကိုရီးယားဘဏ်များဖြစ်ကြသည့် Busan Bank, Hana Bank, industrial Bank of Korea, KDB Bank, Kookmin Bank, Shinhan Bank တို့မှမြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသောရုံးခွဲ တာဝန်ခံ အကြီးအကဲပုဂ္ဂိုလ်များအား ၂၀၁၅ ခုနှစ် မေလ ၂၀ ရက်နေ့ နံနက် ၈း၃၀ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Mohd Haniff Abd Rahman အား ၂၀၁၅ ခုနှစ် မေလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၅ ခုနှစ် မေလ ၂၀ ရက်

 

Pages