Law Database | Mail | English Version

June 2015

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် မုံရွာမြို့ရှိစစ်ကိုင်းတိုင်းဒေ သကြီးလွှတ်တော် အဆောက်အအုံ Banquest Hall ၌ဒေသခံ ပြည်သူများအားတွေ့ဆုံအမှာ စကားပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသ ကြီးချောင်းဦးမြို့ရှိ အနော်ရထာခန်းမ၌ ဒေသခံ ပြည်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ နံနက် (၈) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့လွှတ်တော် အဆောက်အအုံရှေ့၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ချီးမြှင့်၍ လွှတ်တော်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇွန်လ (၂၇) ရက်နေ့ နံနက်ပိုင်းတွင်  မန္တလေး တိုင်းဒေသကြီး မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒေသခံပြည်သူများအား တွေ့ဆုံ၍  ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးအမှာစကား ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်သည်  2015 IMF Article IV Consultation Mission အဖွဲ့အား၂၀၁၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ (၁၃း၃၀) နာရီအချိန် တွင်  နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-3) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော် နှင့်အတူ အတွင်းရေးမှူး ဦးမောင်တိုး၊ ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးချုပ် မြင့်ကိုကို၊ ဦးမိုးဇော်ဟိန်း၊ ဦးအောင်လင်းလှိုင်၊ ဒေါ်တင်နွယ်ဦး၊ ဦးခွန်လိန်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဘဏ္ဍာရေးအကြံပေး ဦးကြည်ရှိန်တို့ တက်ရောက်ကြသည်။

ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌဦးအောင်သောင်း သည် 2015 IMF Article IV Consultation Mission အတိုင်ပင်ခံအဖွဲ့အားဇွန်လ (၂၅) ရက်နေ့ နံနက် (၀၈း၀၀)နာရီတွင်နေပြည်တော် ရှိလွှတ်တော် အဆောက်အအုံ ရေးရာဆောင် အမှတ်(I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦး သည် NDI အကြိုရွေးကောက်ပွဲ နည်းပညာအကူအညီပေးရေး အဖွဲ့အား ၂၀၁၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ နံနက် (၈) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) ၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦး နှင့်အတူ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကျော်သန်း၊ ဦးခင်မောင်ညို၊ ဦးပုမ်ခန့်အင် တို့တက်ရောက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက် ဆိုင်ရာ စိစစ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးသာ သည်  Asian Development Bank မှ Peter J.Brimble ဦးဆောင်သည့်အဖွဲ့ အားဇွန်လ ၂၃ ရက်နေ့ နံနက် (၁၀း၃၀) နာရီတွင်  နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ်(၇) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကဦးဆောင်ကျင်းပ သည့်ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေကြမ်းဒုတိယအကြိမ်မြောက်ညှိနှိုင်းအစည်း အဝေးကိုဇွန်လ၂၂ရက်နံနက်(၉)နာရီတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် (C) ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်း တွင် ဖြူးမြို့ သပြေ တန်း ကျောင်းတိုက်၌  နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ခံရသည့်ဖြူးမြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်များအားလှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဆက်ကပ် လှူဒါန်း ပူဇော်ပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားကာ ဆရာတော်များ၏ သြဝါဒများကို နာယူခဲ့သည်။

Pages