Law Database | Mail | English Version

July 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ခပေါင်း ခန်းမ၌ ဒေသခံပြည်သူများ အား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အား BBC ရုပ်သံမီဒီယာ မှ ဦးဘမော် က သိလိုသည်များကို မေးမြန်းခဲ့ရာ ရင်းနှီး ပွင့်လင်းစွာ ပြန်လည် ဖြေကြားခဲ့သည်။

မေးမြန်းသူ

ဟုတ်ကဲ့ပါ ခင်ဗျ ဒီ ၂ဝ၁၅ ပေါ့လေ၊ ဒီရွေးကောက်ပွဲ ဟာ ဥက္ကဋ္ဌကြီး အတွက် ဘယ်လောက်များ အရေးပါပါသလဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း နယူးယောက်မြို့ အခြေစိုက် အာရှလူမှု အဖွဲ့အစည်း ဆိုင်ရာ မူဝါဒအဖွဲ့ ဥက္ကဋ္ဌ Mr.Kevin Rudd ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် နေပြည်တော် ရှိ လွှတ်တော် အဆောက် အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည်   UNHCR    အထူး ကိုယ်စားလှယ် Mrs. Angelina Jolie Pitt  ဦးဆောင်သော အဖွဲ့အား ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် (၁၁း၀၀) နာရီ တွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် ဇနီး ဒေါ်ခင်လေးသက် တို့သည် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ရွှေဆံတော် စေတီတော် မြတ်ကြီးအား သွားရောက် ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး နှင့် အမွှေးနံ့သာတိုင်များ ဆက်ကပ်လှူဒါန်း ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် နံနက် (၆း၃၀) နာရီတွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဒေသခံ ပြည်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်ရုံး နှင့် ပြည်သူ့လွှတ်တော်ရုံး တို့၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် ဧည့်ခန်းမ၌ ကျင်းပသည်။

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ သည် တယ်လီနော မြန်မာမှ Mr.Petter Furberg အမှုဆောင် အရာရှိချုပ် (CEO) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ နံနက် (၁၁း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ရေးရာဆောင်၊ အဆောင် အမှတ်(I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် တာဝန် ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Thierry MATHOU အား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝနရှိသူများ ဆက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇူလိုင် လ ၂၃ ရက်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ (၁၂း၁၅) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင် ၌ တွေ့ဆုံသည်။

Pages