Law Database | Mail | English Version

October 2016

ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၃၁ ရက်နေ့ (၁၀း၀၀)နာရီချိန်တွင် Arisu Filtration Plant (ရေသန့်စက်ရုံ)သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ရေသန့်စက်ရုံအကြောင်း ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရေသန့်စက်ရုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။

ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E Mr. Chung Sye-kyun ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် ဆိုးလ်မြို့ရှိ ဂယောင်းဘို့နန်းတော်နှင့် ပြတိုက်သို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များအား တာဝန်ရှိသူများက နန်းတော်နှင့် ပြတိုက်အတွင်း လိုက်လံရှင်းလင်း ပြသခဲ့သည်။

ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ကိုရီးယားသမ္မတနိုင်ငံ၊ စစ်သမိုင်းပြတိုက်သို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် စစ်သမိုင်းပြတိုက် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးပြီး ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့သည်။

ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun ၏ ဖိတ်ကြားချက် အရ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ H.E. Park Geun-hye က အောက်တိုဘာလ ၂၈ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၂ နာရီတွင် ကိုရီးယားသမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun ၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်လေဆိပ်သို့ အောက်တိုဘာလ ၂၇ ရက်နေ့ ဒေသစံတော်ချိန် (၀၇း၅၀) နာရီအချိန်တွင် ရောက်ရှိသည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှဒုတိယပုံမှန်အစည်းအဝေး အထိမေးမြန်းခဲ့သောမေးခွန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဒုတိယပုံမှန်အစည်းအဝေးအထိ အစည်းအဝေးကျင်းပခဲ့သည့် ရက် စုစုပေါင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် ( ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် စာကြည့်တိုက် နှင့် စာဖတ်ခန်းများသို့ စာအုပ်များလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် (Function Hall) ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ တက်ရောက်ကြသည်။

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် Institute of International Education (IIE) အဖွဲ့မှ Senior Manager ဖြစ်သူ Ms.Clare Banks နှင့်   Program Manager ဖြစ်သူ Shawn Patton တို့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် IDLO ညွှန်ကြားရေးမှူးချုပ် Ms.Irene Ahan အား လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် UNDP ဌာနေကိုယ်စားလှယ် Ms.Renata Dessallien အား လည်းကောင်း နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံရေးရာဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Pages