Law Database | Mail | English Version

January 2017

 ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.Tone Tinnes အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ရေးရာအဆောင်အမှတ် (I-11) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်တို့မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms.Tone Tinnes တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံပြည်သူ့ လွှတ်တော်ရေးရာဆောင် အမှတ် (I-7) အစည်းအဝေးခန်းမ ၌ တွေ့ဆုံကြသည်။

          ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအား ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့ မွန်းလွဲ (၁း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး၊ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး နှင့် လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် National Democratic Institute (NDI) ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Peter M. Manikas အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် NDI ၏ လွှတ်တော်လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းလာစေရေးအတွက် ကူညီဆောင်ရွက်ပေးနေမှုများ၊ လွှတ်တော်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် အကူအညီပေးမှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Alex G. Chua အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ချစ်ကြည်ရေး ခရီးစဉ်များ၊ နှစ်နိုင်ငံအကြား ကောင်းမွန်သောဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် National Democratic Institute (NDI) ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Peter M. Manikas ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ တတိယပုံမှန်အစည်းအဝေးအထိ မေးမြန်းခဲ့သော မေးခွန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ တတိယပုံမှန်အစည်းအဝေးအထိ အစည်းအဝေးကျင်းပခဲ့သည့် ရက်စုစုပေါင်း မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဦးဇော်သိန်း၊တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌဦးခွန်မောင်သောင်းတို့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အီဂျစ်နိုင်ငံသံအမတ်ကြီး H.E.Mr. Khaled Mohamed Abdelrahman Abdelsalam အား ယနေ့ မွန်းလွဲ (၁၃း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrick အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ချစ်ကြည်ရေးခရီးစဉ်ဆိုင်ရာကိစ္စရပ်များ၊လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

Pages