Law Database | Mail | English Version

July 2017

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr Hong Liang သည် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား  ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် လွှတ်တော်ရေးရာ ဆောင်အမှတ် (I-11) သို့ လာရောက်တွေ့ဆုံသည်။

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ကာတာသံအမတ်ကြီးသည် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် လွှတ်တော် ရေးရာဆောင် အမှတ် (I-1) သို့ လာရောက်တွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံစဉ် ကာတာ သံအမတ်ကြီးမှ ပင်လယ်ကွေ့ဒေသ၏ အခြေအနေများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားသည်။

          ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစောသည် Civil Authorize Negotiate Organization (C.A.N- Myanmar) အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရ်ီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-5) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက ၄င်းတို့၏ စိန်ခေါ်မှုများကို အသိပေးပြီး လူထုအသိုင်းအဝိုင်းမှ ပါဝင်ကူညီ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အကြံဥာဏ် တောင်းခံခြင်းများ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

          ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦီးရန်လင်းသည် Family Health International 360 အဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် ဆန်းစစ်ရန် အတွက် အမေရိကန် အခြေစိုက်အဖွဲ့ဝင် (၃) ဦးပါဝင်သော Social Impact အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရ်ီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးသည် Quasar Resources LLC အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရ်ီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံရာတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်လျက်ရှိသည့် ရွှေဘို project ဆောင်ရွက်နေမှု အခြေအနေများနှင့် အခြား project များ ထပ်မံ အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ  တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး  H.E. Mr. Hong Liang အား ယနေ့ နေ့လယ် ၁၂း၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး ကြသည်။

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောင်းလဲရေးအတွက် အကူအညီပေးနေသည့် MYPOL ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဥပဒေရေးရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ‌တွေ့ဆုံဆွေးနွေးကြသည်။

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Quasar Resources LLC အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရ်ီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာနည်းပညာမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မည့် စီမံကိန်းအစီအစဉ်များ၊ ဆိုလာစနစ်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ခြင်း၊ တိုးတက်ပြောင်းလဲလာမှု အခြေအနေများ၊ ဓာတ်အားခနှုန်းထားများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မိဘပြည်သူများခင်ဗျာ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် UK အောက်လွှတ်တော်၏ Clerk of Legislation ဖြစ်သူ Mr. Liam Laurence Smyth ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

Pages