Law Database | Mail | English Version

ကော်မတီရေးရာ

10/08/2013

နေပြည်တော်၊ သြဂုတ် ၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိအစည်းအဝေး ခန်းမဆောင်၌ ကျင်းပသည့် ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

03/08/2013

ပထအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့် ပေးပို့လာသော “ဆက်သွယ်ရေး ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီမှ အဖွဲ့ဝင် ဦးစိုးရယ်က ဥပဒေကြမ်း အစီရင်ခံစာကို အောက်ပါအတိုင်း တင်သွင်းခဲ့ပါသည်။

02/08/2013

နေပြည်တော်၊ ဩဂုတ် ၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ နေ့လည် ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကော်မတီ၊ ကော်မရှင် များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

12/07/2013

နေပြည်တော်၊ ဇူလိုင် ၁၂

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာကျော်မြင့်‌ နှင့် အဖွဲ့သည် UNAIDS မှ ဒုတိယ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Jan Beagle နှင့် Ms.Marie Claire Thoumyre တို့အား ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

10/07/2013

နေပြည်တော်၊ ဇူလိုင် ၉

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးလွန်းသီ၊ ဖိလစ်ပိုင်နိုင်ငံ၊ First Asia Pacifice ကုမ္ပဏီလီမီတက်မှ Executive President, Mr. Stanley Yang ဦးဆောင်သော အဖွဲ့အား ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက် (အင်္ဂါနေ့) မွန်းလွဲ (၁၃း၀၀) နာရီအချိန်တွင် နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

27/06/2013

နေပြည်တော်၊ ဇွန် ၂၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

05/06/2013

နေပြည်တော် - ဇွန် ၎

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီနှင့် အဖွဲ့သည် သြစတြေးလျနိုင်ငံ၊ Woodside Energy Ltd. မှအမှုဆောင်အရာရှိချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သူ Mr. Peter Coleman အား ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက် အင်္ဂါနေ့ မွန်းလွဲ ၃း၃၀ နာရီအချိန်တွင် နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ရေးရာအဆောင် အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

Pages