Law Database | Mail | English Version

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် များအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီးတွေ့ဆုံ

ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်တို့မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms.Tone Tinnes တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံပြည်သူ့ လွှတ်တော်ရေးရာဆောင် အမှတ် (I-7) အစည်းအဝေးခန်းမ ၌ တွေ့ဆုံကြသည်။

ထိုသို့ တွေ့ဆုံစဉ် နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသမီးများ အခန်းကဏ္ဍ မြှင့်တင်ရေး၊ အမျိုးသမီးများ၏ ရပိုင်ခွင့်အခွင့်အရေးများ၊ ဥပဒေအရလိုအပ်သည့် အကာအကွယ် ပေးအပ်နိုင် ရေး၊ အမျိုးသမီးများနိုင်ငံရေးတွင် ယခုထက်ပိုမိုပါဝင်ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းမှု မရှိသော နေရာများတွင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များမှာ စစ်ဘေးဒဏ် ပိုမိုခံစား ရခြင်းကြောင့် အမျိုးသမီးများ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပိုမိုပါဝင်နိုင်ရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးတို့နှင့် စပ်လျဉ်းပြီး အကူအညီပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါ်နန်းမိုး၊ ဒေါ်ခင်စောဝေ၊ ဒေါက်တာသက်သက်ခိုင်၊

ဒေါ်နန်းခင်စော၊ဒေါ်နန်းထွေးသူ၊ ဒေါ်နီနီအေး၊ ဒေါ်ရွှေရွှေစိန်လတ်၊ ဒေါ်ရှီလာနန်တောင်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ရက်

News

23/05/2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mr. Pier Giorgio ALIBERTI အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

23/05/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွီဒင်သံအမတ်ကြီး H.E Ms.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

23/05/2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mr.

23/05/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွီဒင်သံအမတ်ကြီး H.E Ms.

22/05/2017

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Sumitomo Corporation Asia & Oceania Pte.Ltd မှ Mr.

Pages