Law Database | Mail | English Version

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်၊ ပြည်သူ့လွှတ်တော်ရုံး၊ ရေးရာဆောင်အမှတ်-၁၂ (I-12) သို့ ၂၀၁၇ ခုနှစ်၊ မေလ ၁၆ ရက် (အင်္ဂါနေ့) ထက် မစော၊ မေလ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) ထက် နောက်မကျစေဘဲ ရုံးချိန်အတွင်း သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန် ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၆ ရက်

News

22/11/2017

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ မြန်မာလွှတ်တော်သို့ ကူညီထောက်ပံ့ပေးရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ လွှတ်တော်အရည်အသွေးမြှင့်တင်ရေး အကျိုးရလဒ် သုံးသပ်ရေးအဖွဲ့ အစည်းအဝေး (Output Board Meeting) ကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်ရှိ လွှတ်တော်သင်ကြားရေးဌာန၌ ယနေ့ နေ့လည် ၁၄း၀၀ နာရီ

22/11/2017

          ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန(၂၃)ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆေ

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

22/11/2017

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ မြန်မာလွှတ်တော်သို့ ကူညီထောက်ပံ့ပေးရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ လွှတ်တော်အရည်အသွေးမြှင့်တင်ရေး အကျိုးရလဒ် သုံးသပ်ရေးအဖွဲ့ အစည်းအဝေး (Output Board Meeting) ကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်ရှိ လွှတ်တော်သင်ကြားရေးဌာန၌ ယေ

22/11/2017

          ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန(၂၃)ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော

Pages