Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောတို့သည် Asean Parlimentarians for Human Rights (APHR) မှ Mr.Oren Samet ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောတို့သည်  Asean Parlimentarians for Human Rights (APHR) မှ  Mr.Oren Samet, Director of Research and Advocacy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် APHR ကိုယ်စားလှယ်များက ၄င်းတို့အဖွဲ့အစည်း၏နောက်ခံသမိုင်း၊ ရည်ရွယ်ချက်နှင့် စီမံကိန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး ကော်မတီဥက္ကဋ္ဌများမှ ကော်မတီ၏ လုပ်ငန်းစဉ်များ၊ နိုင်ငံတကာလွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏လူ့အခွင့်အရေး တိုးတက်ပြောင်းလဲလာမှု အခြေအနေများနှင့် အာဆီယံလူ့အခွင့်အရေး အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၉ ရက်