Law Database | Mail | English Version

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဥရောပသမဂ္ဂ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr Roland Kobia အား ယနေ့ နေ့လယ် ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံ တွေ့ဆုံ နှုတ်ဆက်သည်။

ထိုသို့တွေ့ဆုံစဉ် သံအမတ်ကြီးနှင့် ဥရောပသမဂ္ဂတို့၏ မြန်မာနိုင်ငံအပေါ် စေတနာထား ကူညီ ဆောင်ရွက်ပေးမှုများအတွက် ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြား ကာ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေး အခြေအနေများအပေါ် နွေးထွေးပွင့်‌လင်းစွာ အမြင်ချင်း ဖလှယ် ‌ဆွေး‌နွေး‌ကြသည်‌။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်ရှင်အဖွဲ့ဝင် ဦးကိုကိုနိုင်နှင့် ကော်မရှင်ရုံးမှတာဝန်‌ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်