Law Database | Mail | English Version

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သတင်းမီဒီယာများအား တွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ပြည်တွင်းသတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်း ဌာနများနှင့် ပြည်တွင်း သတင်းစာ၊ ဂျာနယ်များမှ အယ်ဒီတာနှင့် သတင်းထောက်များအား ယနေ့ ညနေ (၄ )နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် မီဒီယာခန်းမ၌ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတင်းမီဒီယာများ၏ မေးမြန်း ချက်များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများနှင့် ပြည်တွင်းသတင်းစာ၊ ဂျာနယ် (၂၉) ခုတို့မှ အယ်ဒီတာနှင့် သတင်းထောက် စုစုပေါင်း (၅၆)  ဦးတို့ တက်ရောက်ခဲ့ကြသည်။ 

၂၀၁၇ ခုနှစ် သြဂုတ်  ၃၁ ရက်