Skip to main content

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ် အင်စတီကျူ့ (DIPD) ၏ ဒါရိုက်တာ Mrs. Lisbeth Pilegaard အား လက်ခံတွေ့ဆုံ

          ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျူ့ (DIPD) ၏ ဒါရိုက်တာ Mrs. Lisbeth Pilegaard အား ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံစဉ် DIPD အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံရေးစနစ် ပိုမိုခိုင်မာ အားကောင်စေရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပသွားနိုင်ရေး၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးများနှင့် လူငယ်များ စွမ်းဆောင် ရည်မြင့်မားရေးနှင့် နိုင်ငံရေးတွင် ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်နိုင်ရေးအတွက် အကူအညီ ပေးနိုင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်၊ အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်