Skip to main content

ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၁၆) ထုတ်ပြန်၍ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၃ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော်အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်(၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်-

  (က) ဒေါက်တာစံရွှေဝင်း ရေကြည် မဲဆန္ဒနယ်

ဥက္ကဋ္ဌ

  (ခ) ဒေါက်တာဒေါ်သန်းငွေ တောင်ကြီး မဲဆန္ဒနယ် အဖွဲ့ဝင်
  (ဂ) ဒေါက်တာခင်ဆောင် ကျိုက်ထို မဲဆန္ဒနယ်

အဖွဲ့ဝင်

  (ဃ) ဒေါက်တာဒေါ်ခင်ညို ဒေးဒရဲ မဲဆန္ဒနယ်

အဖွဲ့ဝင်

  (င) ဒေါက်တာအေဇင်လတ် ရွှေဘို မဲဆန္ဒနယ်

အဖွဲ့ဝင်

  (စ) ဦးမြင့်ဦး သနပ်ပင် မဲဆန္ဒနယ်

အဖွဲ့ဝင်

  (ဆ) ဒေါက်တာစိန်မြအေး ဒလ မဲဆန္ဒနယ်

အဖွဲ့ဝင်

  (ဇ) ဒေါ်ဖြူဖြူသင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်

အဖွဲ့ဝင်

  (ဈ) ဦးစိုးပိုင်ဌေး

မြိတ် မဲဆန္ဒနယ်

အဖွဲ့ဝင်

  () ဦးစိုင်းဆမ် မိုင်းယန်း မဲဆန္ဒနယ်

အဖွဲ့ဝင်

  () ဦးအာမိုးဆီ ခေါင်လန်ဖူး မဲဆန္ဒနယ်

အဖွဲ့ဝင်

  () ဦးအောင်သောင်းရွှေ ဘူးသီးတောင် မဲဆန္ဒနယ်

အဖွဲ့ဝင်

  () ဒေါ်အေးအေးမူ(ခ)ရှားမီး ကလေး မဲဆန္ဒနယ်

အဖွဲ့ဝင်

  () ဦးမြင့်လွင် တွံတေး  မဲဆန္ဒနယ်

အဖွဲ့ဝင်

  () ဒေါက်တာခင်စည်သူ လွိုင်ကော် မဲဆန္ဒနယ်

အဖွဲ့ဝင်

  () ဗိုလ်မှူးကြီးမြင့်ဟန်

တပ်မတော်သား

ကိုယ်စားလှယ်

အဖွဲ့ဝင်

 

 

() ဒေါက်တာဦးသန်းဝင်း

မြောက်ဥက္ကလာပ မဲဆန္ဒနယ်

အတွင်းရေးမှူး

  ()

ဒုတိယဗိုလ်မှူးကြီး

ထွန်းလင်းဦး

တပ်မတော်သား

ကိုယ်စားလှယ်

လေ့လာသူ

  (ဓ)

ဒုတိယဗိုလ်မှူးကြီး

စိုင်းအိုက်လှ

တပ်မတော်သား

ကိုယ်စားလှယ်

လေ့လာသူ

   

 

 

 

၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ () အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်။

ကော်မတီသက်တမ်း

၃။ကော်မတီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ်ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်းတာဝန်ဆောင်ရွက်မှု အခြေအနေအရ တစ်နှစ်ပြည့်မြောက်သည့်အခါ လိုအပ်ပါက သက်တမ်းတိုးနိုင်သည်။

၄။ လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းကာလအတွင်း လိုအပ်ပါက ကော်မတီဝင်များ ကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။

ကော်မတီတာဝန်

၅။ ကော်မတီသည်-

  (က)

ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက် ပေးရမည်။

  ( )

ပြည်သူတို့၏ ကျန်းမာရေးတိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်ရမည်။

  ( )

ပြည်သူများ၏ ကျန်းမာရေးတွင် တိုင်းရင်းသားပြည်သူများက ပါဝင်ဆောင်ရွက် နိုင်ရန် လိုအပ်မည့် ဥပဒေပြဋ္ဌာန်းရန် ရှိပါက လေ့လာ၍ လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြရမည်။

  ()

အားကစားဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီ ဆောင်ရွက်ပေးရမည်။

  ( )

သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များတွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။

  ( )

သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများနှင့်လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှုရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိကူညီရမည်။

  ()

သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာ များ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။

၆။ ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက် ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်း အရာများကိုသိရှိ နားလည်သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများကို တင်ပြ စေခြင်းပြုနိုင်သည်။

၇။ ကော်မတီ အစည်းအဝေးတွင် ကော်မတီဝင်တစ်ဦး ပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီ တွင်ဆွေးနွေးသာဆွေးနွေးချက်များကို သော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီ အစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ကော်မတီက အတည်ပြုထား ရမည်။ ယင်းအစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေခြင်း မပြုရ။ လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်းများ နှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။

ကော်မတီလုပ်ပိုင်ခွင့်

၈။ ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။

၉။ ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ -

  (က)

ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ် သော ကော်မတီဝင်တစ်ဦးသည် ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။

  ( )

ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များ ရှိပါက ထိုသဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။

  ( )

အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော် ဥက္ကဋ္ဌက သတ်မှတ်သည့် နေ့တွင် ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် အစီရင်ခံစာကို ဆွေးနွေးရန် လွှတ်တော်သို့ အဆို တင်သွင်းရမည်။

  ()

အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့် မရှိ။

  ( )

 

အစီရင်ခံစာကို ဆွေးနွေးပြီးသောအခါ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန် ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် အစီရင်ခံစာ ကို လွှတ်တော်က သဘောတူ လက်ခံရန် အဆို တင်သွင်းရမည်။

၁၀။ ကော်မတီဝင်များသည် -

  (က)

 

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိသည်။

  ( )

လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့် ရှိသည်။

  ( )

ကော်မတီဝင် အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

ကော်မတီအခွင့်အရေး

၁၁။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်း တာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီရုံးစိုက်ရာ ဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌ လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

၁၂။ ကော်မတီဝင်များသည် -

  (က)

 

ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေမှအပ တည်ဆဲအခြား ဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရ ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

  ( )

ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

  ( )

 

ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။

အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၇) အမိန့်ကြော်ငြာစာအမှတ် (၅၆/၂၀၁၈)အမိန့်ကြော်ငြာစာအမှတ် (၁၆/၂၀၁၉) အရ ပြန်လည်ပြုစုထားခြင်း ဖြစ်ပါသည်။