Skip to main content
စုစုပေါင်းမေးခွန်း (355) ခု
(ဆ)-ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၂-၅-၂၀၁၇ ရက်နေ့တွင် မေးမြန်းခဲ့သည့် မေးခွန်း၏ဆက်စပ်မေးမြန်းချက်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၂-၅-၂၀၁၇ ရက်နေ့တွင် မေးမြန်းခဲ့သည့် မေးခွန်း၏ဆက်စပ်မေးမြန်းချက်အား ပြန်လည်စိစစ်ပေးပါမည်ဟု ကတိပေးခဲ့သော်လည်း ယနေ့အထိ တိုးတက်မှုမရှိ၍ မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

(စ)-ကျောက်ဖြူမြို့နယ်၊ ပင်လယ်နား ကျေးရွာရှိ ကွင်းအမှတ် (၆၆၀)ကြွင်းချိန် အနောက်၊ ဦးပိုင် အမှတ်(၂၇၃)ရှိ ၁.၉၀ ဧက မြေပေါ်တွင် တိရစ္ဆာန် အစားအစာ ထုတ်လုပ်ရန် စက်ရုံတစ်ခု တည်ဆောက်နေသည်နှင့် စပ်လျဉ်း၍ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

(စ)-ကျောက်ဖြူမြို့နယ်၊ ပင်လယ်နား ကျေးရွာရှိ ကွင်းအမှတ် (၆၆၀)ကြွင်းချိန် အနောက်၊ ဦးပိုင် အမှတ်(၂၇၃)ရှိ ၁.၉၀ ဧက မြေပေါ်တွင် တိရစ္ဆာန် အစားအစာ ထုတ်လုပ်ရန် စက်ရုံတစ်ခု တည်ဆောက်နေသည်ကို တွေ့ရှိရာအဆိုပါစက်ရုံနှင့်စပ်လျဉ်း၍သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

(င)-သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် လုံလောက်သော ဝန်ထမ်း အင်အားဖြည့်ဆည်း ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မေးခွန်းမေးရခြင်း၏ အဓိက အကြောင်းရင်းသည် သံတောင်ကြီးမြို့နယ်သည် ကရင်ပြည် နယ်၏ မြောက်ဘက်ခြမ်းတွင် တည်ရှိကြောင်း၊ တောင်ပေါ်ဒေသဖြစ်သည့်အတွက် လမ်းပန်း ဆက်သွယ်ရေး အလွန်ခက်ခဲကြောင်း၊ လူမှုစီးပွားရေးနိမ့်ကျလျက် ရှိနေကြောင်း၊ အဘက်ဘ က်တွင် ဖွံ့ဖြိုးတိုးတက်ရေး အလွန်နှေးကွေးလျက် ရှိနေကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေး အတွက် ကျေးရွာအုပ်စု ၅၉ အုပ်စုနှင့် ကျေးရွာပေါင်း ၃၂၂ ရွာ ရှိကြောင်း၊ ယင်းကျေးရွ

(ဃ)-မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့ထံမှ(T&C Co; Ltd)လုပ်ပိုင်ခွင့်ရ မြေဧရိယာ၊ ခွင့်ပြုမိန့်၊ အမိန့်စာအမှတ်နှင့်ရက်စွဲ လွဲမှားဖြေကြားခြင်းအပေါ် မည်သို့ တာဝန်ယူဆောင်ရွက်မည်နှင့် စပ်လျဉ်းသည့်မေးခွန်း

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့ထံမှ(T&C Co; Ltd)လုပ်ပိုင်ခွင့်ရ မြေဧရိယာ၊ ခွင့်ပြုမိန့်၊ အမိန့်စာအမှတ်နှင့်ရက်စွဲ လွဲမှားဖြေကြားခြင်းအပေါ် မည်သို့ တာဝန်ယူဆောင်ရွက်မည်နှင့် လုပ်ပိုင်ခွင့်ချမှတ်ထားသော မြေပုံအချို့ကို မြေပြင်၌ မည်သည့် အချိန်တွင် ကွင်းဆင်းစစ်ဆေးမည်တို့တို့ သိလိုခြင်းနှင့် စပ်လျဉ်းသည်

(ဆ)-မုံရွာမြို့အောက်ဘက်ရှိ ပေါက်ကပင်ရွာချောင်းအား ပိတ်လိုက်သဖြင့် ချင်းတွင်းမြစ်ရေ လျှံတက်မှု မရှိတော့သောကြောင့် လယ်ယာမြေများနှင့် သဘာဝအရင်းအမြစ်များ ပျက်စီး နေမှုများကို ထိန်းသိမ်း ကာကွယ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

စစ်