Skip to main content
(စ)-မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တောဆင်ရိုင်းများကို သတ်ဖြတ်နေခြင်းအား တားဆီးကာကွယ်ရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

မြန်မာ့မြေပေါ်တွင် အာရှဆင်မျိုးစိတ်များသည် ရှေးနှစ်သန်းပေါင်းများစွာကတည်းက ကျက်စား နေထိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် တွေ့ရှိရသော ဆင်များသည် အိန္ဒိယဆင် မျိုးစိတ်တွင် ပါဝင်ပြီး တိရစ္ဆာန်များထဲတွင် လေ့ကျင့်သင်ကြားရန် အလွယ်ဆုံးဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ဆင်မျိုးစိတ်များစွာရှိခဲ့သော်လည်း အာဖရိကဆင်နှင့် အာရှဆင်နှစ်မျိုးသာ ကျန်ရှိသည့်အတွက် ကမ္ဘာ့နိုင်ငံများ၊ အစိုးရများ၊

(င)-တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှုအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားရှိမှုနှင့် လူသားတို့အတွက် အန္တရာယ်မရှိအောင် မည်သို့ကာကွယ်မှုများပြုလုပ်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများသည် တစ်ပတ်ကို တစ်ကောင်ကျ သတ်ဖြတ်ခံနေရပါကြောင်း၊ ယခင်က တောဆင်ရိုင်း ၁၀၀၀၀ ကျော်ရှိခဲ့သော်လည်း ယခုအခါ အကောင်ရေ ၂၀၀၀ အောက် ကျဆင်းနေပြီး ဆင်မုဆိုးများကိုလည်း ပူးပေါင်းအဖွဲ့နှင့် အရေးယူ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ၎င်းတို့အသုံးပြုသည့်မြှား၊ မြှားဆိပ်များ မည်သို့ဖော်စပ်သည်နှင့် တိကျတဲ့ဖြေဆေးရှိ/မရှိကိုလည်း သိလိုပါကြောင်း၊

(ဃ)-အာရှနိုင်ငံအချို့တွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည့် မန်ဂျန်းရှား(ဂျပန်ပိတောက်) Acacia Mangium သစ်ပင်အမျိုးအစားကို နိုင်ငံအနှံ့ကျယ်ပြန့်စွာစိုက်ပျိုးလာနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

 

သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုဖောက်ပြန်မှုများ၊ သဘာဝကပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများ၊ ဂေဟစနစ်ပျက်စီးမှုများ၊ သစ်တောသစ်ပင်ရှားပါးလာမှုကြောင့် နေအိမ်ဆောက်လုပ်ရန်နှင့် သစ်ဈေးနှုန်း ကြီးမြင့်မှု၊ အိမ်ဆောက်သစ်အမျိုးအစားရှားပါး လာခြင်းနှင့် အိမ်သုံးပစ္စည်းပြုလုပ်ရန် ခက်ခဲမှု၊ ချက်ပြုတ်ရန် သစ်တောသစ်ပင်များရှားပါးလာမှုစသည့် အခက်အခဲများကို အထိုက်အလျောက်ပြေလည်လာစေနိုင်ရန် သြစတေးလ

(ဂ)-သစ်တောနယ်မြေများအတွင်း စိုက်ထူထားသော ဆက်သွယ်ရေးတာဝါတိုင်များ၏ မြေငှားရမ်းခြင်း အတွက် ကုမ္ပဏီမှပေးသော အခကြေးငွေများသည် အခွန်အဖြစ်နိုင်ငံတော်ဘဏ္ဍာသို့ ရောက်ရှိခြင်း ရှိ/မရှိနှင့်‌ စပ်လျဉ်းသည့်မေးခွန်း

 

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများတစ်ဦးနှင့်တစ်ဦး အလျင်အမြန် ချိတ်ဆက်မိရန်နှင့်‌ ဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် တာဝါတိုင်များကို နေရာအနှံ့စိုက်ထူခဲ့ကြပါကြောင်း၊ ယခုလိုစိုက်ထူသည့်အခါ လူနေအိမ်၊ ခြံများ၊ ပိုင်ရှင်ရှိသည့် ယာမြေများနှင့် သစ်တောပိုင်နယ်မြေများတွင် စိုက်ထူလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကပိုင်မြေများပေါ်တွင် စိုက်ထူပါက မြေပိုင်ရှင်နှင့် သက်ဆိုင်ရာကုမ္ပဏီတို့

-ရွှေလုပ်ငန်းလုပ်ကိုင်သောကုမ္ပဏီများမှရွှေ အကြွေးကျန်များ ဆက်လက်ရရှိရေးကိုနည်းလမ်း (၄)သွယ်ဖြင့် ဆောင်ရွက်ရာတွင် ဖြေရှင်း၍မ ရနိုင်သောကုမ္ပဏီများဆိုသည်မှာ မည်သို့သော အကြောင်းကြောင့် ဖြစ်သည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း