Skip to main content

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ အဖွဲ့ဝင်နှင့် ဘတ်ဂျက်ရေးရာကော်မရှင် ဒုတိယဥက္ကဋ္ဌ  Mr. Zhu Mingchun နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းသည် ရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ အဖွဲ့ဝင်နှင့် ဘတ်ဂျက်ရေးရာကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Zhu Mingchun နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်သဘင်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံလွှတ်တော်များ၏ အခန်းကဏ္ဍများနှင့် ဘတ်ဂျက်ရေးရာ လုပ်ငန်းဆောင်ရွက်ချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ အတွင်းရေးမှူး ဦးခင်မောင်သန်း နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်