Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် အင်ဒိုနီးရှားနိုင်ငံ၊ အောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Utut Adianto Wahyuwidayat ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား  လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် အင်ဒိုနီးရှားနိုင်ငံ၊ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Utut Adianto Wahyuwidayat ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်    မြန်မာ- အင်ဒိုနီးရှား နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း၊ ပြည်သူ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်ရေးရာလုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဇော်သိန်း၊ ဦးစိုးသူရထွန်း၊ ဦးခင်အေး၊ ဦးကြည်မိုးနိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်