ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာအမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Scot Marciel ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Scot Marciel ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် လွှတ်တော်ရေးရာ ဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးကိစ္စ၊ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိရေးကိစ္စ၊ အမေရိကန်နိုင်ငံသို့ ပညာတော်သင်စေလွှတ်ရာတွင် သုတေသနလုပ်ငန်းများကို ဦးစားပေးရန်ကိစ္စ၊ ဧရာဝတီတိုင်းတွင် စိုက်ပျိုးရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံက ကျွမ်းကျင်သူများ စေလွှတ်ရေးကိစ္စ၊ လွှတ်တော်ဝန်ထမ်းများ အရည်အသွေး မြှင့်တင်သင်တန်းများကို အမေရိကန်နိုင်ငံက အကူအညီပေးရေးကိစ္စ၊ နှစ်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေး ကော်မတီဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီလ ၇ ရက်