Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးမှ သံရုံးဒုတိယအကြီးအကဲနှင့် သံမှူးဖြစ်သူMr. Koh Chee Chian အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည်  ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးမှ သံရုံးဒုတိယ အကြီးအကဲနှင့် သံမှူးဖြစ်သူ Mr. Koh Chee Chian အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက် သွားနိုင်ရေးနှင့် လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ ကော်မတီအတွင်းရေးမှူးများဖြစ်ကြသည့် ဦးဇုံးတိန့်၊ ဦးဘိုဘိုဦး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီ  ၂၆ ရက်