Skip to main content

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း Westminster Foundation for Democracy (WFD) မှ အကြံပေးပုဂ္ဂိုလ် Sir. Hugh Bayley အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းသည်  WFD မှ အကြံပေးပုဂ္ဂိုလ် Sir. Hugh Bayley အား ယနေ့ မွန်းလွဲနာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကော်မတီမှတာဝန်ယူဆောင်ရွက်နေရသည့် ကဏ္ဍအသီးသီးမှ လုပ်ငန်းဆောင်ရွက်ချက်များ၊ တိုင်ကြားစာများ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးကဏ္ဍအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

၂၀၁၉ ခုနှစ် မတ်လ ရက်