Skip to main content

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Kevin Chang နှင့် UNDP ၏ စီမံကိန်းကိုယ်စားလှယ် ဒေါ်နွေးနွေးလွင်တို့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Kevin Chang နှင့် UNDP ၏ စီမံကိန်း ကိုယ်စားလှယ် ဒေါ်နွေးနွေးလွင်တို့အား ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကော်မတီ၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များတွင် ပြည်ထောင်စုရှေ့နေချုပ် ရုံး၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုအခန်းကဏ္ဍများ နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးချုပ် မောင်မောင်၊ ဦးနေမျိုးထွန်းနှင့် ဒေါ်မာမာခိုင်တို့ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၁၉ ရက်