Skip to main content

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် UN Women ရုံး၏ ဌာနေကိုယ်စားလှယ် Mr. Nicolas Burniat အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် UN Women ရုံး၏ ဌာနေကိုယ်စားလှယ် Mr. Nicolas Burniat အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် UN Women အနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသမီးများ လူမှုဘဝ ဖွံ့ဖြိုးရေး၊ တန်းတူ အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးတွင် အမျိုးသမီးများ ပိုမို ပါဝင်လာနိုင်ရေးနှင့် စွမ်းဆောင်ရည် မြင့်မားလာရေးအတွက် အကူအညီ ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊  လွှတ်တော်များမှ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများနှင့် စပ်လျဉ်း၍ ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဒေါက်တာဒေါ်ကြည်မို့မို့လွင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်