Skip to main content

ပြည်သူ့လွှတ်တော်၊  နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း ရန်ကုန်မြို့၊ ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan Hallenborg ဦးဆောင်သည့် အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် ရန်ကုန်မြို့၊ ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan Hallenborg ဦးဆောင်သည့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန် တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-5) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဆွီဒင်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ လွှတ်တော်များနှင့် နှစ်နိုင်ငံအစိုးရများ၏ ကောင်းမွန်သောဆက်ဆံရေး၊ ဆွီဒင်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများ၊ ဆွီဒင်နိုင်ငံက မြန်မာနိုင်ငံသို့ ပေးအပ် လျက်ရှိသော လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့်အကူအညီများ၊ မြန်မာနိုင်ငံ လွှတ်တော်တွင် လက်ရှိကြိုးပမ်းလျက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်များ၊ ဉပဒေကြမ်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ပုံကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန့်အေးအေးကြည်နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်