Skip to main content

“စက်မှုဇုန် ဥပဒေကြမ်း” နှင့် စပ်လျဉ်းသည့် ကြားနာမှု အခမ်းအနားကျင်းပ

“စက်မှုဇုန် ဥပဒေကြမ်း”နှင့် စပ်လျဉ်းသည့် ကြားနာမှု အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိခန်းမဆောင်တွင် တွေ့ဆုံကျင်းပ သည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ က တက်ရောက် အဖွင့်အမှာ စကား ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း က စက်မှုဇုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍လည်းကောင်း၊  ရင်းနှီးမြှပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဉီးဝင်းသိန်းဇော်က စက်မှုဇုန်ဥပဒေကြမ်းရေးဆွဲရေးနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ စက်မှုဇုန်ရေးရာလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၏ ကိုယ်စားပြုပုဂ္ဂိုလ် (၃)ဦး၊ မန္တလေး တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၏ ကိုယ်စားပြုပုဂ္ဂိုလ် (၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၏ ကိုယ်စားပြုပုဂ္ဂိုလ်(၁)ဦး တို့က စက်မှုဇုန် လုပ်ငန်းအခြေအနေများ၊ လက်ရှိဆောင်ရွက် နေသည့် မူဝါဒများနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြသည်။

အခမ်းအနားသို့ ဥပဒေကြမ်းကော်မတီ၊ နိုင်ငံသားများ၏မူလအခွင့်အရေးဆိုင်ရာ ကော်မတီ၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်