Skip to main content

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် GE International Inc. အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် နှင့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် တို့သည် GE International Inc. အဖွဲ့အား ယနေ့ ညနေ      ၃ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ GE International Inc. အဖွဲ့၏ ဆောင်ရွက်နေမှုများ၊ လျှပ်စစ်ထုတ်လုပ်ရာတွင် စွမ်းအင်ပေါင်းစပ်ပါဝင်မှု အမျိုးအစားများကို ငွေကြေးကုန်ကျ စရိတ် အသက်သာဆုံးဖြင့် ထုတ်လုပ်နိုင်မည့်ပုံစံများ၊ ကျောက်မီးသွေးကို အဓိကအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ချနိုင်မည့် နည်းပညာများ၊ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ထပ်မံပေးအပ်သွားမည့် အကူအညီများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြပြီး ကော်မတီမှ တာဝန်ရှိသူများမှ မေးမြန်း ဆွေးနွေးမှုများအပေါ် (GE) အဖွဲ့မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်