Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်၊ ပြည်သူ့လွှတ်တော်ရုံး၊ ရေးရာဆောင်အမှတ်-၁၂ (I-12) သို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် (စနေနေ့) ထက် မစော၊ ဇူလိုင်လ ၁၄ ရက် (တနင်္ဂနွေနေ့) ထက် နောက်မကျစေဘဲ ရုံးချိန်အတွင်း သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန်ဖြစ်ကြောင်း သတင်း ရရှိသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၃ ရက်

 

meeting06-23-19