Skip to main content

လွှတ်တော်ရုံးများ၏ ၂၀၁၉ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ စုပေါင်းကျင်းပပြုလုပ်

လွှတ်တော်ရုံးများ၏ ၂၀၁၉ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် လွှတ်တော်ဝင်းအတွင်း၌ စုပေါင်းကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် လွှတ်တော်ရုံး အသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ၂၀၁၉ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်တို့က သတ်မှတ်နေရာများတွင် ကံ့ကော်ပင်များကို စိုက်ပျိုးပေးခဲ့ကြသည်။

ထို့နောက် လွှတ်တော်ရုံး အသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သပြေပင်၊ ကံ့ကော်ပင်၊ ခရေပင်၊ ငုစပ်ပင်နှင့် စိန်ပန်းပင်များကို စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်