Skip to main content

အမည်

ဦးလှဌေးဝင်း

အခြားအမည်

ကိုဌေး

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/မရက(နိုင်)၀၀၅၂၀၅

မွေးသက္ကရာဇ်/အသက်

၂၃-၅-၁၉၅၆/(၅၉)နှစ်

မွေးဖွားရာဇာတိ

ပုသိမ်မြို့

ပညာအရည်အချင်း

သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)

လက်ရှိအလုပ်အကိုင်

ဗိုလ်ချုပ်ကြီး(အငြိမ်းစား)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကျော်ဝင်း၊ အော်ပရေတာအုပ်၊ ရေဒီယို(ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်မေ၊ ကျောင်းဆရာမ(ငြိမ်း)(ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မာမာဝေ၊ ၁၂/မရက(နိုင်)၀၀၅၂၀၄၊မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁)    မအိမ့်မြတ်သီရိမွန်၊ ၁၃/သပန(နိုင်)၀၄၃၁၈၆၊ မှီခို

(၂) ဒေါက်တာသန့်ဟိန်းသော်၊ ၁၃/လရန(နိုင်) ၁၂၂၆၇၂၊ ဆရာဝန်

(၃) ဒေါက်တာခန့်ဝင်းဇင်၊ ၁၂/ဗဟန(နိုင်)၀၉၆၄၈၀၊ ဆရာဝန်

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၀၁၈)၊မင်းလှလမ်း၊ရာဇသင်္ဂဟအိမ်ရာ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ဇေယျာသီရိမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ.ထ.က(၁)နှင့် အ.ထ.က(၆) ပုသိမ်မြို့နယ်တွင် လည်းကောင်း၊ အ.ထ.က(၃) သင်္ဃန်းကျွန်းမြို့နယ်တွင်လည်းကောင်း တက်ရောက် သင်ယူခဲ့သည်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ရန်ကုန် စစ်တက္ကသိုလ်နှင့်  စစ်ဦးစီးတက္ကသိုလ် တက်ရောက်ခဲ့ရာ သိပ္ပံဘွဲ့ရရှိခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ရာ မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။
        အမှတ်(၃)ချင်းသေနတ်ကိုင်တပ်ရင်း၊ အမှတ်(၁၉)ခြေမြန်တပ်ရင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ်(၆) ခြေလျင် တပ်ရင်း၊ ဗဟိုပြည်သူ့ ဆက်ဆံရေးတပ်၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၊ အမှတ်(၉၆) ခြေလျင် တပ်ရင်း၊ အမှတ်(၂၃) ခြေလျင် တပ်ရင်း၊ အမှတ်(၆၆)ခြေမြန် တပ်မဌာနချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) တာဝန်ဌာနခွဲ၊ အမှတ်(၂၄၃) ခြေမြန် တပ်ရင်း၊ အမှတ်(၄၁) ခြေလျင် တပ်ရင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဌာနခွဲ၊ စစ်ဗျူဟာ အဖွဲ့(အခြေချ) (လင်းခေး)၊ အမှတ်(၁၁)ခြေမြန် တပ်မဌာနချုပ်၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့တွင် စစ်မှုထမ်းခဲ့သည်။
        နိုင်ငံတော် စစ်မှုထမ်း တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေးတံဆိပ်၊ စစ်ပွဲတံဆိပ်၊ နိုင်ငံ့အကျိုးဆောင် တံဆိပ်၊ စစ်မှုထမ်းကောင်း တံဆိပ်၊ သရေစည်သူ ဘွဲ့တံဆိပ်၊ မြန်မာနိုင်ငံ စစ်မှုထမ်းသင်္ဂဟတံဆိပ်များ ချီးမြှင့်ခံခဲ့ရသည်။