Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း မြူးနစ်ရုံးမှ တောင်နှင့် အရှေ့တောင်အာရှ ဒေသဌာနအကြီးအကဲ Mr. Stefan Burkhardt အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း မြူးနစ်ရုံးမှ တောင်နှင့် အရှေ့တောင်အာရှဒေသဌာနအကြီးအကဲ Mr. Stefan Burkhardt အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်  ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း အနေဖြင့် မြန်မာလွှတ်တော်များသို့ အကူအညီ ပေးလျက်ရှိသည့် ကိစ္စရပ်များအား ပိုမိုဆောင်ရွက်ပေးရေး၊ လွှတ်တော်အကျိုးပြုလုပ်ငန်းများမှ တစ်ဆင့် ပြည်သူများအကြား လွှတ်တော်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး ဆိုင်ရာများ၊ ပြည်သူ့ဆက်ဆံရေး ကဏ္ဍများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများအား  နည်းပညာ အကူအညီများ ပေးနိုင်ရေးနှင့်  လွှတ်တော်ရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ လွှတ်တော်များဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးအေးမူ၊ ဦးတင်အောင်ချိုနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ  ၂၅ ရက်