Skip to main content

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာနိုင်ငံ သံအမတ်ကြီး H. E. Mr. Nikoloz Apkhazava အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျော်ဂျီယာနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikoloz Apkhazava   အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။ 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း၊ ပြည်သူ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု မြှင့်တင်နိုင်ရေး၊ မြန်မာ-ဂျော်ဂျီယာ နှစ်နိုင်ငံ လွှတ်တော် ချစ်ကြည်ရေးအသင်း တည်ထောင်နိုင်ရေး ကိစ္စများနှင့်စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်