Skip to main content

ထိုင်းနိုင်ငံအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ (၁) ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ရန် ထိုင်းနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ (၁) Mr.Suchart Tonjaroen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ည ၇ နာရီတွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။

ထိုင်းနိုင်ငံအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ (၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်