Skip to main content

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း အာရှ-မြန်မာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းများစီမံခန့်ခွဲရေးအဖွဲ့မှ Project Coordinator Mr. Arie de Jong ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း သည် အာရှ - မြန်မာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းများစီမံခန့်ခွဲရေးအဖွဲ့မှ Project Coordinator Mr. Arie de Jong ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးသိပ္ပံကျောင်းများကို စိုက်ပျိုးရေး ကောလိပ်အဖြစ် အဆင့်မြှင့်တင်ရေး၊ စိုက်ပျိုးရေးတက္ကသိုလ်များတွင် ဆရာ၊ ဆရာမများ အတွက် Agricultural Teacher Training Unit   ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦး၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာတင်ဌေးအောင်နှင့် ဒေါက်တာသန်းအောင်စိုးတို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်