Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် Edmond Efendija (Senior Legislative Strengthening Adviser) ဦးဆောင်သော National DemocraticInstitute (NDI) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် Edmond Efendija (Senior Legislative Strengthening Adviser) ဦးဆောင်သော National Democratic Institute (NDI) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် NDI အနေဖြင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ စိစစ်သုံးသပ်ခြင်း ဆွေးနွေးမှုစာတမ်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ဥပဒေပြုရေး စောင့်ကြည့်ခြင်းနှင့် ကိုယ်စားပြုခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ကူညီပံ့ပိုးသွားနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာ လွှတ်တော်မဟာဗျူဟာစီမံကိန်း ၂၀၁၉-၂၀၂၀ တွင်လည်း NDI အနေဖြင့် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာမြင့်သိန်း၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဝင် ဦးတင်အောင်ချို နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်