Skip to main content

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် UNICEF Myanmar မှ Ms. Alison Rhodes နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် သည် UNICEF Myanmar မှ Ms. Alison Rhodes နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကလေးသူငယ်များနှင့် လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေး မြှင့်တင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် UNICEF နှင့်ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ အပြည်ပြည် ဆိုင်ရာ ကလေးသူငယ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခမ်းအနားတွင် ကလေးသူငယ်များ၊ လူငယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု အဆင့် အစိုးရအဖွဲ့ဝင်များ တွေ့ဆုံနိုင်ရေး၊ အခြေခံပညာ/အဆင့်မြင့်ပညာ ကျောင်းသူကျောင်းသားများ လုပ်ငန်းခွင်ဝင်လူငယ်များ၊ ပဋိပက္ခဒေသများရှိလူငယ်များ စုံလင်စွာ တက်ရောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါက်တာဒေါ်ကြည်မို့မို့လွင် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်