Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Johan Cels အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Johan Cels အား ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ကမ္ဘာတစ်ဝှမ်း လူနေမှုဘဝလုံခြုံရေး၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး နှင့်ဒုက္ခသည်များ၊ နိုင်ငံမဲ့များနှင့် အိုးအိမ်စွန့်ခွာနေရသူများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်များ တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အလေးထား လုပ်ဆောင်နေမှုများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၏ ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံ ဖလှယ်ရေးနှင့် အရည်အသွေးမြှင့်တင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ ကျင်းပပြုလုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်