Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Zahairi bin Baharim အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Zahairi bin Baharim အား ယနေ့ မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မလေးရှား - မြန်မာ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ပြည်သူအချင်းချင်း ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပို့ဆောင်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စက်မှု လုပ်ငန်းနှင့် e-Government ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကူးသန်း ရောင်းဝယ်ရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ရက်