Skip to main content

ပြည်သူ့လွှတ်တော်၊ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ နိုင်ငံသားများ၏ မူလအခွင့် အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ဦးမျိုးအောင်ထွေး ဦးဆောင် သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ နိုင်ငံသားများ၏ မူလအခွင့် အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော တို့သည် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ဦးမျိုးအောင်ထွေး ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ဥပဒေရေးရာကိစ္စရပ်များကို အကြံပြု တင်ပြ ဆွေးနွေးပြီး ကော်မတီ အဖွဲ့ဝင်များမှ ပြန်လည် ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌတို့နှင့်အတူ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်