Skip to main content

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဉီးခင်မောင်ဝင်း Colors Rainbow အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဉီးခင်မောင်ဝင်း သည် Colors Rainbow အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် တန်းတူညီမျှရေးအတွက် ဥပဒေတစ်ရပ်ပြဋ္ဌာန်းရေးနှင့် ရာဇသတ်ကြီး ဥပဒေပါ ပြဋ္ဌာန်းချက် အချို့နှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။

 ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်