Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တာဝန်ရှိသူများအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ်   UNHCR မှ ကမ္ဘာတစ်ဝှမ်းတွင် အကူအညီပေးလျက်ရှိသော ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစီမံချက် ၂၀၁၄-၂၀၂၄ နှင့်ပတ်သက်သည့် လုပ်ငန်းအစီအမံများ၊ UNHCR မှ ပံ့ပိုးပေး နိုင်သော အကူအညီပေးရေး အစီအစဉ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးမြှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလ ၂၈ ရက်