Skip to main content

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) မှ ဥက္ကဋ္ဌ ဦးမောင်မောင် ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့် သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) မှ ဥက္ကဋ္ဌ ဦးမောင်မောင် ဉီးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင်  မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်နေသော  အလုပ်သမားများ အတွက် တရားဝင်ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်ရာတွင် ကြန့်ကြာနိုင်သောအဆင့် များအား လျှော့ချပေးနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်ပလုပ်ငန်းခွင်များတွင် အလုပ်သမားများ၏ အမှုပြဿနာများ၊ လုပ်ငန်းခွင်အဆင်မပြေမှုများအား ဖြေရှင်းပေးနိုင်ရန် အကူအညီများပေးနိုင်ရေး ကိစ္စများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဉီးသိန်းထွန်းနှင့် ကော်မတီအဖွဲ့ဝင် များတက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်