Skip to main content

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် Unicef Myanmar  အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် သည် Unicef Myanmar  အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ အနာဂတ်မျိုးဆက် ကလေးသူငယ်များ အခန်းကဏ္ဍ မြှင့်တင်သွားနိုင်ရေး၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကိစ္စရပ်များတွင်  ပိုမိုထိရောက်သော အကူအညီများပေးနိုင်ရေး အတွက် တိုင်းနှင့်ပြည်နယ်များတွင် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီများ ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ကလေးသူငယ်များ၏အခွင့်အရေး ပိုမိုအကျိုး ဖြစ်ထွန်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါက်တာဒေါ်ကြည်မို့မို့လွင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ ၄ ရက်