Skip to main content

ပြည်သူ့လွှတ်တော်၊တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့်၊ မုတ်သုံကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာဒေါက်တာဉီးသောင်းထွန်းဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့် သည် မုတ်သုံကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ဉီးသောင်းထွန်း ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် တောင်သူလယ်သမားများနှင့်သက်ဆိုင်သော ဥပဒေများ ပြင်ဆင်ရာတွင် ထည့်သွင်းလိုသော အချက်အလက်များ၊  သိမ်းဆည်းခံလယ်ယာမြေကိစ္စရပ်များ၊ တောင်သူလယ်သမား များ ကြုံတွေ့နေရသော အခက်အခဲပြဿနာများနှင့် လယ်သမားပြည်သူများ၏ မျှော်လင့်ချက်များအား ကူညီပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဉီးသိန်းထွန်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။         

          ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်